Tuesday, July 2, 2013

မိုးရွာတဲ့ အဲဒီ "နေ့" ကပေါ့

 
 
ရေးလို့ မရ တာရယ်
မရေးချင် တာရယ် နဲ့
မရေးနိုင် တာရယ်
မရေးတော့ဘူး ဆိုတာရယ် မှာ
စိတ်ပျက်ခြင်းတွေ
တစ်နေ့လုံး မစဲတော့ဘူး....

ဖွင့်ထားတဲ့ စာအုပ်က
ငါ့ခေါင်းကို
သံချောင်းလှမ်းခေါက်တယ်....

ငိုက်ကျလာတဲ့
နာရီလက်တံက
တဖျောက်ဖျောက်ရွာနေတဲ့
ငါ့ နားကို တံခါး ပိတ်လိုက်တယ်....

လွင့် လာတဲ့ မိုးစက်တွေကို
လှမ်း ဖမ်း လိုက်....

စိတ်ကို သန့်စင် လိုက်နဲ့
စကားလုံးတွေပွင့် ဖို့ ကြိုးစားရင်း....

တစ်စုံ တစ်ယောက်ကို
လွမ်း ဖို့ ကြိုးစားကြည့် ရင်း
နွမ်း နေဆဲ ခဏမှာ
တစ်ကျော့ပြန် မိုးဟာ
အိပ်ပျော် နေတဲ့ ဆပ်ဖလူးတွေ ကို
လှုပ် နှိုး သွား ခဲ့ တယ်.....။

လင်းသက်
4.5.2011(103း0pm)

No comments:

Post a Comment