စိတ်ကို ထမ်းပြီး
လမ်းကို ရွှေ့ တော့
ခြားနားခြင်း အလျားဟာ
အနား မညီဘူး.....
သတ္တိကို မီးအိမ်လို
လက်မောင်းမှာ ချိတ်
အံကြိတ် လင်း တဲ့ကောင်
ပြောလိုက်
" သွေး ကြောင် တယ်" လို့.....
" ခေါင်" မလုံပဲ
" မိုးသံ" ပေးချင်တဲ့ " ဖါး"
ရိုက်သတ်ခံရတာသနား စရာလား....
ကြွေတစ်လှည့် ၊ ကြက်တစ်ခုန်မှာ
ပုန်းထိုးသွားတဲ့ လက်သီး
ဟောဒီမှာတစ်ဘ၀လုံး
မှောက်လို့မ ပြီး သေး ပါ ဘူး....။ ။

(လင်းသက်)
5.5.2011(013း0 am)
No comments:
Post a Comment