Wednesday, July 3, 2013
အသံထက် ပိုမြန်သော
ဝေးခဲ့ကြသော
စိတ်ပျက်ဖွယ် ကာလရှည်မှာ
ငါမင်းကို သတိရနေခဲ့တယ် ပြောရင်
မင်း ရယ် မှာလား....
အက်ကြောင်းရာများနဲ့ ဆူညံနေတဲ့
မင်းအကြောင်းကို
တိတ်တဆိတ်တွေးမိတိုင်း
ငါ့မှာ
မပျံသန်းနိုင်သော ခိုတစ်ကောင်လို
အဓိပ္ပါယ်မဲ့ ငြီးတွားနေရ....
ကွန်ပြူတာ ဖန်သားပြင်ထက်က
လတ်ဆတ်ဆဲ
မင်းအနမ်းခြေရာ နှုတ်ခမ်းရာများ....
ကီးဘုတ်ပေါ်
ပြေးလွှားလှုပ်ရှားနေ ငါ့လက်ချောင်းများ...
အလဟဿ အချိန်ပိုများသာ
အကျိုးမဲ့ ကြီးထွား ဖွံ့ဖြိုးလာရာ အရင်းအမြစ်...
ဟောဒီ ကဗျာထဲမှာတောင်
နယ်လွန်စိတ်နဲ့ သတိရမှု့ တွေ ကြမ်းကျွံတော့
ဒဏ်ရာတွေ ရင့်မှည့်....
စိတ်ကူးတရွေ့စာ ဖြစ်ဖြစ်
အိပ်မက်တစ်ခုန်စာ ဖြစ်ဖြစ်
ငါတို့
အကြည့်တစ်ချက်တောင်
မဆုံဖြစ်ခဲ့ကြဘူး....
မင်းရော ငါ့ကို
လွမ်း နေ မလား...
သတိ...ရ တယ် ကွာ!
စိတ်ကို Enter ခေါက်ပြီး
အသံထက်ပိုမြန်သော မက်ဆေ့ခ်ျ မှာ
မင်းနာမည်ကို တံဆိပ် တပ်လိုက်တော့
ရွှေအိုရောင်အလွမ်းတွေ
တ၀ုန်းဝုန်း ထ ပျံသွားတယ်...။ ။
(လင်းသက်)
1.5.2011
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment