Wednesday, July 3, 2013

တရေးနိုး မျှော်လင့်ခြင်း




ညလုံးပေါက် မော့သောက်ခဲ့ရတဲ့ အိပ်မက်တွေဆိုတာ
မနက်ခင်းမှာ ပျို့ အန်ထွက်ဖို့ သက်သက်ပဲလား....


ဟောဒီ ညစ်ထေး ဆင်းရဲ ဘ၀အပေါက်အပြဲထဲကို
ဘယ်သံယောဇဉ်မှ ကောက်မထည့်ရဲတော့ ပါဘူးကွယ်....

မခေါ်ပဲ ရောက်လာတဲ့ အလွမ်းယဲ့ယဲ့နဲ့
မသွားချင်ပဲ ခြေဦးလှည့်လိုက်ရတဲ့ ချိနဲ့နဲ့လမ်းတွေရယ်ကို
မုန်း လွန်း ပေ မယ့်....
 
သူပြန်မလာတော့ဘူးလို့....
ဘယ်သူတွေ
ဘယ်လိုပြောပြော
ပင်လယ်ရင်ဘတ်နဲ့ ဟောဒီကောင်
လရောင်ကို "လွမ်း" တယ်...။ ။

(လင်းသက်)

No comments:

Post a Comment