ဘယ် လေ နဲ့ လွင့် လာ လာ
အဲဒါ
လမ်းကြို လမ်းကြားထဲက
ဖက်ခွက်စား စကားပဲ....
အမြီးအမောက်မတည့်သော စကားများကို
ကျန်းမာရေး ချို့ တဲ့ သော
နားထဲ ထည့်ထားရတာ
ခါး...တယ်...
ခင်းပေးတဲ့ လမ်းကို
မလျှောက်မိဖို့
ခြေထောက်ကို ဇက်ကြိုးတပ်ပြီး
စိတ်ကို အလွတ်ထား....
အသားဓါတ်မဲ့ နေတဲ့ ဆန္ဒတွေ ကို
အရေခွံ ချွတ်ပစ်လိုက်တော့
အဲဒီ အကြည့်တွေမှာ
အချိန်မရွေးကျွတ်ထွက် သွားတော့မယ့်
ဆူးတွေ အပြည့်နဲ့....။ ။
(လင်းသက်)
15.4.2011
No comments:
Post a Comment