ငါ့ကို ပစ်ခဲ့သမျှ လွဲသော မိုးကြိုးလို
အလဟဿ သီးပွင့်မှုမှာ
မင်းကဗျာတွေ မပါစေနဲ့.....
ဘ၀ အစ အဆုံး
ညွှန်းဆိုချက်တွေနဲ့
ရုံပြည့် ရုံလျှံ ဖွင့်အန် နေတာမျိုးမှာ
မင်းစိတ်တွေ
ယောက်ယက်ခတ် နေတုန်းပဲ သူငယ်ချင်း....
အကြံကုန်လို့ ချက်တဲ့ "ဆား"
ဂျပန်နြူကလီးယား အထိ
ဆိုက်ရောက်သွားလည်း
သက်ရောက်မှု တိုင်းမှာ
တုန့်ပြန်မှု့ အကျိုးဆက်တွေနဲ့....
အဲဒီ နိယာမကြီး တစ်ခုစာအတွက်
ငါးစာ ပါးပါးလေး ချထားထာ
ထိုက်တန် မျှတ ရဲ့လားငါစဉ်းစားတယ်....
ကျွတ်ထွက် သွားတဲ့ စိတ် ကို
ဓါး တစ်စင်း လိုလှောင်အိမ် ထဲ မောင်းသွင်းရင်း....
ခိုကိုးရာမဲ့ကြွက်တစ်ကောင်လို
အဓိပ္ပါယ်မဲ့ တွင်းတူးရင်း.....
စီးကရက်ငွေ့ ကို
မြွေတစ်ကောင်လိုရစ်ခွေကြည့်ရင်း......
ဒီစိတ်ကူး ကို ငါ ရ ခဲ့ တယ်.....
ငါတို့ကိုယ့်ဗီဇ နဲ့ ကိုယ်
ရိုးမြေကျ နေရတာကိုက
လူ ပီ သ နေ ပါ ပြီ လေ....။ ။










(လင်းသက်)
5.5.2011 ( 14း11 pm)
"I think, therefore I am!"
ရေနီဒေးကား (17 ရာစု)
(ပြင်သစ်တွေးခေါ်ပညာရှင်)
No comments:
Post a Comment