ရေးချင်ရာ လျှောက်ရေးပြီး
ဘာမှန်းမသိတဲ့ ၀ဋ်ဆင်းရဲမှာ
ငါနဲ့ ငါ့ကဗျာတွေကတော့
(ကိုယ်မဟုတ် သလို)
ခပ်တည်တည်ပါပဲ...
ကိုယ့်ဝါသနာနဲ့
ကိုယ်စပ်ဆလူးခါတာ
ဘယ်သူ့ကိုမှ
မှတ်ပုံတင်စရာ
လိုမယ် မထင်ပါ....
ငါ့ကဗျာတွေ
ဆင်ဆာအဖြတ်မခံရဖို့အတွက်
ဘယ်ကန့်ကွက်မဲ မဆို
ထန်းလက်နဲ့ ကာ ထား မယ်....
လေကြောင်းမပြောင်းပဲ
လမ်းလွဲလာသော
ဖမ်းဆီးရမိ စကားလုံးများ
တရားမ၀င် လှယဉ်ကျေးမယ် လို
(ဖုံးဖုံးဖိဖိနဲ့)
နံရံမှာ ချိတ်ပေးရတာ
ခင်ဗျားကို
အား လည်း နာ တယ်....
မကျေနပ်တိုင်း
(၁)က ပြန်စ နေမယ့်အစား
နေတတ်သလို နေကြည့်လိုက်တော့
ဘ၀ဆိုတာ
ဒစ်(စ)ကောင့် ရသော
ပျော်စရာ တပွေ့တပိုက်ကြီးနဲ့
(မိုက်မိုက် မဲမဲ)
ကျေနပ် ဖွယ် ရာ....။

လင်းသက်
3.5.2011(11း55pm)
ဘာမှန်းမသိတဲ့ ၀ဋ်ဆင်းရဲမှာ
ငါနဲ့ ငါ့ကဗျာတွေကတော့
(ကိုယ်မဟုတ် သလို)
ခပ်တည်တည်ပါပဲ...
ကိုယ့်ဝါသနာနဲ့
ကိုယ်စပ်ဆလူးခါတာ
ဘယ်သူ့ကိုမှ
မှတ်ပုံတင်စရာ
လိုမယ် မထင်ပါ....
ငါ့ကဗျာတွေ
ဆင်ဆာအဖြတ်မခံရဖို့အတွက်
ဘယ်ကန့်ကွက်မဲ မဆို
ထန်းလက်နဲ့ ကာ ထား မယ်....
လေကြောင်းမပြောင်းပဲ
လမ်းလွဲလာသော
ဖမ်းဆီးရမိ စကားလုံးများ
တရားမ၀င် လှယဉ်ကျေးမယ် လို
(ဖုံးဖုံးဖိဖိနဲ့)
နံရံမှာ ချိတ်ပေးရတာ
ခင်ဗျားကို
အား လည်း နာ တယ်....
မကျေနပ်တိုင်း
(၁)က ပြန်စ နေမယ့်အစား
နေတတ်သလို နေကြည့်လိုက်တော့
ဘ၀ဆိုတာ
ဒစ်(စ)ကောင့် ရသော
ပျော်စရာ တပွေ့တပိုက်ကြီးနဲ့
(မိုက်မိုက် မဲမဲ)
ကျေနပ် ဖွယ် ရာ....။

လင်းသက်
3.5.2011(11း55pm)
No comments:
Post a Comment