Wednesday, July 3, 2013
ညီမလေးပန်ဖို့ "နွေ"
ညီမလေးရေ...
ငါ့ရဲ့ ချစ်သော
ဖေဖ၀ါရီ ကောင်မလေးရေ...
တနင်္ဂနွေ အရိပ်တွေ
ငါ့ ရင်ဘတ်ထဲ
အလုအယက် ခုန်ဆင်းလာတော့
တိမ်အတုနဲ့
မေတ္တာမိုးတွေ
တစ်မ၊ နှစ်မ ရွာချ လိုက်စမ်းပါ့...။
ညီမလေးမရှိတဲ့
နွေ ညနေခင်းမှာ
ငါ့ အလွမ်းတွေက
ခြစ်ခြစ်တောက် ပူပြင်းလွန်း...။
မိုးကေခမ်းရဲ့ ကဗျာထဲက လို
" ညီမလေးရေ
နွေကိုနွေအတိုင်း ခေါက်သိမ်းဖို့
မင်းဖ၀ါးလေးနဲ့ပဲ
ဆောင်းဦးကို တို့ ထိခဲ့"...။
ကိုယ်လိုကောင်က
ညီမလေးအတွက်ဆို
သံယောဇာဉ်တွေစီးဆင်းဖို့
မျှော်လင့်ချက်တွေ
တစ်ရာသီစာအသင့်...။
ညဆေးလိပ်ကြီး တရဲရဲ နဲ့
အသည်းကွဲကဗျာဆရာ တစ်ယောက်
အချစ်နဲ့သောက်သောက်လဲ ဝေးပစ်ခဲ့တာလဲ
ညီမလေးသိမှာပါ...။
ချစ်သော နွေချိုတေးလေးရေ....
ဖေဖ၀ါရီ ရနံ့တွေ စွတ်စိုနေမယ့်
နံနက်တစ်ခင်းမှာ
ယဉ်တစ်ကိုယ် အိပ်မက်တွေ
ငါ့အတွက် ပျိုးကြဲထားခဲ့...။
နွေဦးကို ကူးဖို့
" ဆောင်း " နဲ့ " ကိုယ့် " ကို ခြွေချခဲ့...။
ပြီးတော့
ညီမလေးရဲ့
ကိုယ်ရေးကိုယ်တာ ပရပိုဒ်ထဲမှာ
" လင်းသက် " ဆိုတဲ့ ကိုယ့်ကို
မှင်နီခြစ်ထားခဲ့...။
ညီမလေးရဲ့
နန်းဦး ရင်ခွင်ထဲမှာ
ကိုယ်လို ကဗျာ ဆရာ က
ကမ်းနားသစ်ပင်.....။
ညီမလေးသာ
ပန်ချင်တယ်ဆိုရင်ဖြင့်
ကိုယ့်နှလုံးသားကို
ဘယ်နက္ခတ်နဲ့မဆို
ယှဉ် ပွင့်ရဲ ပါတယ် ကွယ်...။ ။
(လင်းသက်)
မှတ်ချက်။ ။ (12.3.2011 တွင် မွေးနေ့ အမှတ်တရအဖြစ် ရေးသည်...။)
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
လင်းသက်: ညီမလေးပန်ဖို့ "နွေ" >>>>> Download Now
ReplyDelete>>>>> Download Full
လင်းသက်: ညီမလေးပန်ဖို့ "နွေ" >>>>> Download LINK
>>>>> Download Now
လင်းသက်: ညီမလေးပန်ဖို့ "နွေ" >>>>> Download Full
>>>>> Download LINK