သတိရ စိတ် ကို လွှင့်ပစ်ပြီး
နာကျည်းမှု့ကို
တစ်စု တစ်စည်းတည်း
သိမ်းထုပ် ထားလိုက်.....
နင်နဲ့ ပတ်သက်ခဲ့ သမျှ ဟာ
ငါ အသံ ကုန် ခြစ်ထုတ်လိုက်ရသော
အဖျား အနာ ရောဂါများ....
ဆက် လျှောက် မယ်
ဒီလမ်းကို
သံသရာဆုံး အောင်
ငါ လျှောက် မယ်....
နင် နဲ့ ဝေး ဖို့ ဆို
ရင်တစ်ခြမ်း ပဲ့ အောင်
ငါ ဆက် လျှောက် မယ်.....
နင့်နာမည် ကို
ငါ့ရင်ဘတ်ထဲက
ဆွဲနှုတ် လို့ မရ ရင်
" နေ " နဲ့ အနီးဆုံး " ကမ္ဘာ " ဟာ
ငါ ....... ပဲ.......
အဖြတ် အတောက်များ တဲ့
လူ့ဘ၀ ထဲ
ပုံပြင် အပိုင်း အစတွေကို
ဘာကြောင့် ဆွဲဆန့် နေရ မှာလဲ....
ကမ္ဘာဦး တမ်းချင်း ထဲက
ငါ့ ခန္ဓာ တစ်ခြမ်းဟာ
" နင် မ ဖြစ် နိုင် ကြောင်း"
ကမ်းကုန်အောင် လွမ်း တတ်ခဲ့ပြီးမှ
ဒီ အသိကို
ငါ ...... ရ ....... ခဲ့ ........ တယ်။ ။
(လင်းသက် )
3.5.2011(11း10 pm)
မှတ်ချက်။ ။ (သူငယ်ချင်း(မိန်းကလေး)တစ်ယောက် အတွက်
သူ့ကိုယ်စား ခံစားရေးဖွဲ့ ပေးပါသည်...။)
နာကျည်းမှု့ကို
တစ်စု တစ်စည်းတည်း
သိမ်းထုပ် ထားလိုက်.....
နင်နဲ့ ပတ်သက်ခဲ့ သမျှ ဟာ
ငါ အသံ ကုန် ခြစ်ထုတ်လိုက်ရသော
အဖျား အနာ ရောဂါများ....
ဆက် လျှောက် မယ်
ဒီလမ်းကို
သံသရာဆုံး အောင်
ငါ လျှောက် မယ်....
နင် နဲ့ ဝေး ဖို့ ဆို
ရင်တစ်ခြမ်း ပဲ့ အောင်
ငါ ဆက် လျှောက် မယ်.....
နင့်နာမည် ကို
ငါ့ရင်ဘတ်ထဲက
ဆွဲနှုတ် လို့ မရ ရင်
" နေ " နဲ့ အနီးဆုံး " ကမ္ဘာ " ဟာ
ငါ ....... ပဲ.......
အဖြတ် အတောက်များ တဲ့
လူ့ဘ၀ ထဲ
ပုံပြင် အပိုင်း အစတွေကို
ဘာကြောင့် ဆွဲဆန့် နေရ မှာလဲ....
ကမ္ဘာဦး တမ်းချင်း ထဲက
ငါ့ ခန္ဓာ တစ်ခြမ်းဟာ
" နင် မ ဖြစ် နိုင် ကြောင်း"
ကမ်းကုန်အောင် လွမ်း တတ်ခဲ့ပြီးမှ
ဒီ အသိကို
ငါ ...... ရ ....... ခဲ့ ........ တယ်။ ။
(လင်းသက် )
3.5.2011(11း10 pm)
မှတ်ချက်။ ။ (သူငယ်ချင်း(မိန်းကလေး)တစ်ယောက် အတွက်
သူ့ကိုယ်စား ခံစားရေးဖွဲ့ ပေးပါသည်...။)
No comments:
Post a Comment