ဒီနေ့
ငါ့မနက်ခင်းခြေလှမ်းတွေ
အင်းလျားလမ်းပေါ်
မတော်တဆ ချော်ကျမိတော့
မေ့သလို...လျော့သလို နဲ့
ငါ မင်းကို
သတိရဖြစ် လိုက်သေးတယ်....
နေရောင်အောက်မှာ
လင်းလက်သွားတဲ့
နှင်းစက်လေးလို
မင်းပုံရိပ်တွေ
တဖျောက်ဖျောက် ကွယ်ပျောက်သွားတာ
ငါ ကြား တယ်.....
ဒီလိုပဲလေ....
ငါ လည်း
တိတ်တဆိတ် လွတ်ကျသွားတဲ့စိတ်ကို
ချော့မြူပွတ်သပ်ရင်း....
ကိုယ့်နဖူး ကိုယ်
ခေါက်တုံ့ ခေါက်ပြန် စမ်းကြည့်ရင်း....
မာနတွေ
လမ်းဆုံးလျှောက်နေရ တုန်းပါပဲ.....
စုပြုံ သိုဝှက်ထားတဲ့
မင်းအကြောင်းအရာတွေက
ကျစ်လျစ် လွန်းတော့
တစ်ချက် တစ်ချက်
မီးထတောက်တာပေါ့....
အဆုပ်ထဲမှာ မှိုင်းစွဲလောက်အောင်
သတ်ပုံမှားတဲ့ မင်းအချစ်များ....
ဘယ်လို လေယူ လေသိမ်းမျိုးနဲ့
မင်း ငါ့ဆီ မှားယွင်း
ပျံ ၀ဲ ခဲ့ တာ လဲ.....
ငါတို့
" ရှိသင့်တဲ့ အရည်အသွေးထက်
ခေါင်း ပို မာ ခဲ့ ကြ တယ် " ဆိုတော့
သောကတွေကို
ပါး ပါး လှီး ပြီး
"
မောင် ရှိ နေ ရင်
အ ရာ အား လုံး ရောင့် ရဲ ကျေ နပ် နိုင် တယ် "
ဆိုတဲ့ စကားကို
ဆင် ဆာ ဖြတ် ထား လိုက် ပါ တယ်....။ ။
(လင်းသက်)
No comments:
Post a Comment