Wednesday, July 3, 2013

"ရင်ဘတ်ဖြတ်စ" (၁.၁/၂)


နေတစ်ကွင်း ၊ မီးတစ်စ
မြိုချထားတဲ့
ရန်ကုန်နွေက
မိုးကြိုနောက်ကျလိုက်တာ....

ရင်ဘတ်ဟောက်ပက်နဲ့ ကမ္ဘာ ကြီးထဲက
သံချော်ပူ မျက်ရည်တွေ
စိမ့်....ယို....စီး....ကျ
ငါတို့ ရသင့်တာထက်
ကိုးဆယ်ဆ သာနေတယ်....

ဒီလိုနဲ့
နွေ တန်ခူးကို
မိုးအတု နဲ့ ကာရံလိုက်တော့
ပိတောက်ပါးပါး လိမ်းကျံထားတဲ့
ရန်ကုန် သင်္ကြန်က
ရေစိုခံ မိတ်ကပ်တွေနဲ့
အညှီအဟောက် များလွန်း....
 
 "   သွေးနဲ့ကိုယ် ၊ သားနဲ့ကိုယ်"     ဆိုတဲ့စကားမှာ
သူတို့  ရမ္မက်တွေ
အကူးအခတ် များလိုက်ပုံများ
ထုသား ပေသားကို ကျ လို့....

ရိုးရိုးသားသား ပွင့်လင်းဖို့
ဘာအတွက်မှ
ငါ့လျှာတွေ
တွန့်ဆုတ် တွေဝေ နေစရာမလိုဘူး....

မျှားလာတဲ့ ရနံ့ ကို
အာရုံမှာ မချိတ်မီ
တောက်ထုတ်ပစ်လိုက်တော့
လွင့်လာတဲ့ " kiss me quick" ပန်းတွေ
မိုးခြိမ်းသံ လို
ဖျပ်ဖျပ်လူး ခါယမ်း သွားတယ်...။ ။


(လင်းသက်)
17.4.2011

No comments:

Post a Comment