"ဘာကောင်မှမဟုတ်လို့
ဘာမှလုပ်မရခဲ့ဘူး" ဆိုတာရယ်…....
“ဘာမှလုပ်မရလို့
ဘာကောင်မှ မဟုတ်ခဲ့ရတာပါ ” ဆိုတာရယ်မှာ
ကျွန်တော်တို့အားလုံး
ရင်ကွဲပက်လက်စိတ်ပျက်ခဲ့ကြရ…
(၂၄) ရာသီစာ ကျောက်ဖြစ်ခဲ့တဲ့
အတိတ်စိမ်းတွေ…
ဆန့်ထုတ်ထားတဲ့ နယ်ရုပ်တွေကို
နောက်ပြန်မဆုတ်ဘူးဆိုတဲ့ အားမာန်တွေ…
“သြဘာသံတဖြောင်းဖြောင်းမှာ
ဘယ်သူ့ နာမည်အကျယ်ဆုံးလဲကွ” လို့
သွေးရဲရဲ သံရဲရဲ လှမ်းမေးရဲသူတွေ…..
သံဖိနောင့်တချွင်ချွင်မှာ
ထောင်မြင်လို့ အိမ်ယာစွန့်ခဲ့ရတာတွေ….
ခဲလေသမျှ သဲရေကျခဲ့လို့
ကမ္ဘာမကြေသီချင်းနဲ့
ရမ္မက်ဖြေလိုက်ရပုံတွေ….
ကျမ်းကြီး ကျမ်းငယ်အသွယ်သွယ်မှာ
ကြမ်းပိုးကြီးလို့ လိပ်ဖြစ်သွားတာတွေ….
အဲဒါမျိုး…
အံကြိတ်မပြေတာတွေကို ရုံခါလိုက်တော့
၂၀၁၁၊၂၀၁၀ ဟာ
ဝေါခနဲ…ပြေးထွက်
လွင့်ထွက်လာတဲ့အသံတွေမှာ
အခါးဓါတ်တွေနဲ့
တုတ်ဆွဲ ဓါးဆွဲ သွေးတပွက်ပွက်ဆူလား…ဆူရဲ့
ပြီးတော့
ရင်ထဲမှာ တ၀က်တပျက်
အလံထူသူလည်း ထူကြရဲ့….
“နေနှင့်ဦးပေါ့ကွယ်
ငါတို့ပြန်လာခဲ့မယ်…” မှာခဲ့သူကြီးများရဲ့
သားဆက်ခြား မနက်ဖြန်....
(ပြည်တော်) ပြန်မလာတော့လည်း
ကြံဖန်ဖြေသိမ့်ရပြန်…..
သံသယတွေ
ပလူပျံအောင် ဇောင်းထနေတဲ့ ခေတ်မှာ
တောက်ခေါက်သံမကြားရတာတောင်
အနည်းငယ်ကြာလာ….
(အဲဒါတော့…ပျင်းစရာပေါ့)
ကိုယ့်ဆိုင်းနဲ့ကိုယ် “မက” ရတာကလွဲရင်
ခြေခင်းလက်သာရှိကြမှာပဲ….
ပိန်မသာ လိန်မသာမာယာတွေနဲ့
ကျမ်းလည်းကျိန်ခဲ့ပြီးပြီ….
“ငါတို့က အမေ့လျော့ခံမဟုတ်ဘူးကွ”
ပုန်းခိုရာက ရုန်းထ
လူလုံးတွေလည်း ပြရဲလာပြီ….
“ဒီနေ့ ဂျာနယ်မျက်နှာဖုံးမှာ
ကျွန်တော့ အကြောင်းပါမယ်…”
ရင်ဘတ်လေးကော့ကော့ပြီး
တဟုန်းဟုန်းတောက်ပြတတ်လာပြီ….
ဝေါဟာရတွေ ၀ိဝါဒကွဲကြ
အ၀င်/ အထွက်ကိစ္စ ဒွိဟတွေဖြစ်ကြ…..
“သိတယ်မလား
ငါတို့တစ်ချက်ဟောက်ရင်
ဘာဖြစ်မယ်ဆိုလား….”
အဲဒီလို လည်ဆံတဖွားဖွားနဲ့
အောင်သေ အောင်သားစားသူများလည်း
စက္ကုအိနြေ္ဒချ လိမ္မာပြလို့….
၂၀၁၀ ဟာသက
၂၀၁၂မှာ နမိတ်ပြ
၂၀၁၅မှ ရယ်ရမှာလား....
ရှိသမျှ ရိပ်သိမ်းမယ့်
ချဉ်ခြင်းတွေကို မျိုသိပ်
ကြိတ်မှိတ်နားထောင်ကြည့်တော့
ကျွန်တော်တို့လျှောက်ရန်
ခင်းပေးထားတဲ့လမ်းတွေမှာ
၁၉၉၀ လက်ကျန် အစွယ်တွေနဲ့ ဆိုပဲ....။ ။
လင်းသက်
(၈.၈.၂၀၁၂)
No comments:
Post a Comment