Tuesday, July 2, 2013

"ရင်ဘတ်ဖြတ်စ" (၁)



ငါရှာဖွေနေတဲ့ အရာက
သိမ်မွေ့လွန်းတော့
ဘယ်လို ရနံ့မျိုး နဲ့
မျှား မရ၊ ချိတ် မရ....

စိတ်သစ်...လူသစ် မဖြစ်နိုင်သေးသော
အဟောင်းသံသရာ....
ဘောင်းဘီ အသစ်မ၀တ်နိုင်တာ......ကြာပြီ
ရည်းစား အသစ် မထားနိုင်တာ........ကြာပြီ

ရန်သူအသစ်နဲ့
မွတ်သိပ်နေတဲ့ ရောဂါအဟောင်းထည်ကို
ပိုးမွေးသလို မွေးပြီး
ဒဏ်ရာဟောင်းကိုပဲ
တယုတယ တူးဆွနေရ...

ကဲ!
အခု....
ပြောရင်းနဲ့ပဲ
ရသ (၉)ပါးကင်းသော
ဟောဒီ ကဗျာထဲမှာ
ပိုးမျိုး (၈၀) ဟာ
ခလောက်ဆန်လာတော့တယ်...။ ။


(လင်းသက်)
16.4.2011

No comments:

Post a Comment