နေရောင်ခြည် (၇၀)
ဖုန်မှုန့် (၃၀) နဲ့
ညစ်ညမ်းလေထု ဟာ
ကျွန်တော့ကို
မီးခိုးထွက်အောင် မောင်း တယ်....
စိတ်ကို အစာသွပ်ပြီး
လွဲသမျှ အလုပ်ကို
နံရံမှာ ချိတ်လိုက်တော့
နေ့ရက်တွေဟာ
ဆွဲကြိုးချနေတဲ့ လင်းဆွဲ အသေ....
ဘ၀ဟာ
ကွင်းစ ကွင်းပိတ်ကြီးထဲ
လုံးဝကို နစ်မြုပ်လို့....
ရှိသမျှ ရမ္မက်တွေ
ပျို့ ပျို့ တက်အောင် လှ တဲ့
အခင်း အကျင်းမှာ
ကျွန်တော့ကိုယ် ကျွန်တော်
စုံလုံးကန်း ပစ်လိုက်တယ်....
သံယောဇဉ်တွေ
ခြေရှုပ်လက် လက်ရှုပ်များလွန်းတော့
ကျွန်တော်လည်း
သပ်သပ်ရပ်ရပ် ချောက်ကျခဲ့ရတာပေါ့...
ပြောလက်စ စကားကို
ကြည့်ပြီး....
ကြည့်လက်စ အပြုံးကို
ရပ်ပြီး....
ရပ်လက်စ ခရီးကို
ညှိပြီး....
ညှိလက်စ မီး ကို
ဖြတ်ပြီး.....
ဖြတ်လက်စ သံယောဇဉ် တွေဟာ
ချောက် ထဲ ဆက် ကျ နေ တယ်....
မာယာ အထည် (၄၀) ကိုတောင်
အသားကျကျ မ၀တ်တတ်ပဲ
ရင်ကွဲအောင် "က" တဲ့
ခပ်ညံ့ညံ့ မင်းသားတွေထဲမှာ
ကျွန်တော်က
ထိပ်ဆုံးက ပါ ပါ တယ်....။ ။
(လင်းသက်)
5.5.2011(3း12 pm)
No comments:
Post a Comment