ကမ္ဘာမြေကြီးက ကိုယ်တို့ကို ထမ်းပိုးထားသလိုမျိုး
ကိုယ်ကလည်း မင်းရဲ့ ကိုယ်ရေးကိုယ်တာဒုက္ခတွေကို
နှလုံးသားနဲ့ သိမ်းထုပ် ထမ်းပိုးထားချင်မိရဲ့..
အခုတော့လည်း စိုက်ပျိုးလို့မှ အားမရသေးဘူး
ငါ့မှာ တဝေါဝေါ ခုတ်လှဲ ခံလိုက်ရ…
သပ်သပ်ရပ်ရပ် လုပ်ကြံသတ်ဖြတ်ခံရသူတွေထဲမှာ
ဂျူးလိယက်ဆီဇာပြီးရင်
ငါဟာ အညံ့ဆုံး ဇာတ်လိုက်ဖြစ်တယ်…
တောင်စွယ်မှာ နေမကွယ်သေးခင်
ရထားသြဥသံက စောလွန်းပါရဲ့ကွယ်…။
-လင်းသက်-
၃-၅-၂၀၁၄
No comments:
Post a Comment