ကိုယ်က မြူမှုန် ဆောင်းနှင်းလို
ထစ်ခနဲဆို အေးခဲချင်နေတဲ့ ကောင်မျိုးမဟုတ်လား...။
ကိုယ့်ခေါင်းစဉ်နဲ့ကိုယ် သက်ပြင်းလေး တစ်ငုံစ၊ နှစ်ငုံစ
ကိုယ်စီ ကိုယ်ငှ မျိုချပြရုံနဲ့တော့
ဟောဒီ နွေဟာ မီးထ မတောက်လောက်ပါဘူး...။
ကိုယ်တို့နှစ်ယောက်လောက်
နွေမရောက်ခင် အက်တဲ့ ရင်
ဘယ်မှာမှ မြင်ရမယ် မထင်ဘူးဆိုတော့...။
ကိုယ့်သဘောနဲ့ ကိုယ်သာဆိုရင်
ဒီနေရာမှာတင် တဝေါဝေါရွာချ ပစ်လိုက်ပြီ အချစ်ရေ...။
(လင်းသက်)
စနေနေ့ည၊ ၁၀ နာရီ၊ ၅၆ မိနစ်၊
၁၉-၄-၂၀၁၄
No comments:
Post a Comment